Wednesday, May 18, 2011

ထိုင်းမြန်မာနယ်စပ်ရောက် ကယန်း(ပဒေါင်) တို့၏ အကြောင်းတစေ့တစောင်း

ကယန်းအမျိုးသမီးတို့သည် လေးလံသော ကြေးကွင်းများဆင်ယင်ထားသော်လည်း အမျိုးသားတို့နှင့် ရင်ပေါင်တန်းပြီး အလုပ်လုပ်ကိုင်နေကြသည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နယ်ရှိ ကယန်းကျေးရွာများဆီသို့ နိုင်ငံခြားသားများ အလည်အပတ်နည်းလာ၍ ကျေးရွာအတွက် ၀င်ငွေလည်း လျော့နည်းလာသည်။ (ဓါတ်ပုံ - ကေတီ)

ထိုင်းနိုင်ငံအတွင်းသို့ စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးခိုလှုံနေကြသော ကယန်းအမျိုးသမီးငယ်များသည် ၂၀၀၅ ခုနှစ်မှစပြီး ရိုးရာယဉ်ကျေးမှုအရ မိမိတို့ ဆင်ယင်ထားသော ကြေးကွင်းအတော်များများ ဖြုတ်ပစ်လိုက်ကြသည်။ (ဓါတ်ပုံ - ကေတီ)
တတိယနိုင်ငံ အခြေချနေထိုင်ရေး အစီအစဉ်ကို သွားလိုခြင်းကြောင့်လည်း ယခုလိုကြေးကွင်းများဖြုတ်ကြရသည်။ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဟွေ့ပူးကဲခေါ် ကယန်းကျေးရွာမှ ကြေးကွင်းဖြုတ်နေသော ကယန်းအမျိုးသမီးငယ်အား ပြင်သစ်ဓါတ်ပုံသတင်းထောက်တစ်ဦးမှ ဓါတ်ပုံရိုက်ကူးနေစဉ်။ (ဓါတ်ပုံ - ကေတီ)

မယ်ဟောင်ဆောင်မြို့နယ် ဟွေ့စူထောက်ခေါ် ကယန်းကျေးရွာမှ ကယန်းကလေးငယ်တစ်ဦး လက်လုပ်အရုပ်ကလေးများ အရောင်းသွက်ဖို့ အလှည်အပတ်လာသော နိုင်ငံခြားသားတို့အတွက် ဆွဲဆောင်မှုပြကွက်တစ်ကွက်။ (ဓါတ်ပုံ - ကေတီ)

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons