Sunday, June 1, 2014

မြန်မာ့ရုပ်မြင်သံကြားလိုင်းများ ဖမ်းယူကြည့်ရှု့သည့် အောက်စက်များ လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့သို့ အခမဲ့ဖြန့်ဝေပေး

 ရှားမြာ

MRTVရုပ်မြင်သံကြားလိုင်းများ ဖမ်းယူကြည့်ရှုနိုင်စွမ်းရှိသည့် အောက်စက်အလုံးရေ နှစ်ထောင်ခန့်ကို ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်အတွင်း လုံးရေ နှစ်ထောင်ခန့်ကို ပြန်ကြားရေးနှင့် ဆက်ဆံရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန်ဝေပေးလျက်ရှိကြောင်း ဒီးမော့ဆိုမြို့ရှိ ပြန်ကြားရေးနှင့် ဆက်ဆံရေး ၀န်ကြီးဌာန ဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။

“ကျနော်တို့ ပြည်သူတွေအတွက်ဘာတွေလုပ်နေလဲ၊ ဘာတွေဆောင်ရွက်နေတာလဲ ဆိုတာသူတို့ သိရမယ်။ နောက်သူတို့ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းလုပ်နေတဲ့အချိန်ုမှာ သူတို့လိုအပ်ချက်တွေရှိမယ် သူတို့ ဆန္ဒ နဲ့ မကိုက်ညီတဲ့အခါတွေမှာရှိမယ် အဲဆို သူတို့ လယ်သမားကဏ္ဍကို သူတို့ ကြည့်မယ်ဆိုရင် ကျနော်တို့ စိုက်နည်းမှားတယ်။ ကျနော်တို့ ဒီလိုစိုက်ရင် အဆင်ပြေမယ် ဆိုပြီးသူတို့ ကြည့်ရင် သူတို့ အတွက် အကြိုးအများကြီး ရလိမ့်မယ်လို့ မျော်လင့်ပါတယ်”ဟု ဦးစိုးနိုင်က ပြောပါသည်။

မေလ ၂၈ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ရုပ်မြင်သံကြားလိုင်းများ ဖမ်းယူကြည့်ရှု့သည့် DVB-T2 Set Top Box များကို ဒီးမော့ဆိုမြို့နယ်အတွင်းရှိ လူထုများထံ ပေးအပ်ပွဲကျင်းပခဲ့ပြီးနောက် ဦးစိုးနိုင်က ပြောကြားသွားခြင်းဖြစ်သည်။

DVB-T2 Set Top Box များကို အဓိက လူနေမှု အဆင့်အတန်း(E) အဆင့်သတ်မှတ်ထားရှိသော အိမ်ထောင်စုများနှင့် တခြားသော ဘိုးဘွားရိပ်သာ၊ နှစ်ခြင်းဘုရားကျောင်း၊ စာကြည့်တိုက်၊ စာသင်ကျောင်း၊ မှုကြို ကျောင်း၊ ဓမ္မာရုံများ ၊ ကျန်းမာရေးဆေးပေးခန်းနှင့် နိုင်ငံရေးပါတီတချို့များကို ပေးအပ်ခဲ့သည်ဟုသိရသည်။

“ဒီဟာနဲ့ ပတ်သက်ပြီးတော လူနေမှု အတိုင်းအ၀န်း (E) အဆင့်ရှိ အိမ်ထောင်စု များကို ကျနော်တို့ ဒီ DVB -T2 - Set Top Box ကို ပြည်သူတွေ သက်ဆိုင်ရာလိုင်းတွေကို ဖမ်းကြည့်လို့ ရအောင်ဆိုပြီး လှူ ရခြင်းဖြစ်ပါတယ်”ဟု ဒီမောဆိုမြို့ရှိ ပြန်ကြားရေးနှင့် ဆက်ဆံရေး ၀န်ကြီးဌာန ဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။

( E) အဆင့်ရှိ အိမ်ထောင်စု ဆိုသည်မှာ အိမ်ထောင်စု တစ်စု၏ နေအိမ်သည် သက်ကယ် မိုးသည့်အဆင့်၊ ပျဉ်ထောင်အိမ် ဖြစ်ပြီး တလ၀င်ငွေ တစ်သိန်းအောက်ရှိသူများကို သတ်မှတ်ခြင်းဖြစ်သည်ဟုသိရသည်။ DVB-T2- Set Top Box မှ MRTV မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ MRTV 4၊ လွှတ်တော်၊ တိုင်းရင်းသား၊ တောင်သူလယ်သမားကဏ္ဍ၊ အားကစားလိုင်းများ ဖမ်းယူကြည့်ရှု့နိုင်ကြောင်းသိရသည်။

“ဒီလိုအစိုးရက လာလှူပေးတာ ကျနော်ရပ်ကွက်သူ၊ ရပ်ကွက်သားအတွက် ကောင်းတော့ ကောင်းပါတယ်။ ပျော်လည်းပျော်ပါတယ် ဒါပေမဲ့ တစ်ဖက်ကနေ ပြန်ကြည့်မယ်ဆိုရင် မလုံမလောက် ဒီလိုလာချပေးတော ပြည်သူပြည်သားတွေ အကုန်မရရှိတဲ့ အတွက်ကြောင့် တစ်မျိုးစိတ်မကောင်းဖြစ်မိတာပေါ” ဟု ဒီမောဆိုမြို့ ရူးဖယ်ခူရပ်ကွက်မှ ရာအိမ်မှူးက ဦးစိုးရယ်သန်းဖေက ပြောသည်။

DVB-T2-Set Top Box ကိုစတင်စမ်းသုံးကြည့်နေကြပြီဖြစ်ပြီး ကယားပြည်နယ်တွင် ဒီမောဆိုနှင့် လွိုင်ကော် ၂ မြို့ကိုသာ ပေးခြင်းဖြစ်ပြီး ကျန်သောမြို့ များတွင် လိုင်းမရနိုင်သေးကြောင်း သိရသည်။

ဒီမောဆိုမြို့ တွင် လုံးရေ ၇၅၀ ရရှိပြီး ၊ လွိုင်ကော်မြို့နယ်တွင် ၁၂၀၀ လုံးရရှိပြီး လွိုင်ကော်မြို့နယ်တွင်မူ မေလ ၂၃ ရက်နေ့တွင် ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ သည်ဟုသိရသည်။

လက်ရှိ ပြန်ကြားရေးနှင့် ဆက်ဆံရေးရုံးမှ ပြည်သူများအတွက် စာအုပ်စင်များကိုလည်း ဆေးခန်း၊ ကားဂိတ်၊ ဘော်ဒါဆောင်၊ လက်ဖက်ရည်ဆိုင်၊ ဆေးရုံ၊ ဘူတာ စသည့်နေရာတွင် အခမဲ့ ဖတ်ရှု့နိုင်ရန် စီစဉ်ပေးလျက်ရှိသည်ဟုလည်းသိရသည်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons