Monday, May 23, 2011

ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ အမှတ်တရ

ဤဓါတ်ပုံအားလုံးသည် ကေတီမှ ရိုက်ယူထားသည်။

စခန်းအ၀င် ဈေးတန်း

ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းများကို ကားဖြင့် လာဝယ်သော ထိုင်းဒေသခံများထံ ကရင်နီဒုက္ခသည်အမှတ် (၁) စခန်းအတွင်းက ကလေးငယ်များ ပျော်ရွှင်စွာ ဤသို့ လာရောင်းကြစဉ်။

စခန်းအ၀င်ဝကို စောင့်ပေးသော ဂိတ်တစ်ခု

စခန်းလုံခြုံရေးအတွက် တာဝန်ယူပေးသော လုံခြုံရေးဝန်ထမ်းများ

တီဘီဘီစီမှ လစဉ်ထုတ်ဝေပေးသော ရိက္ခာများကို လာထုတ်ယူနေကြသော ဒုက္ခသည်များ

စာကို စိတ်ဝင်တစား သင်ယူနေကြသော ဆယ်တန်းအခန်း

IRC မှ ကူညီထောက်ပံ့၍ လက်လုပ်ပညာဖြစ်သည့် မီးဖိုပြုလုပ်ရေးလုပ်ငန်းကို EH အဖွဲ့မှ သင်ယူနေစဉ်။

စခန်းအတွင်းမှာလည်း အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ပေး၍ ဆိုင်ကယ်ပြင်တာလည်း တစ်ခုအပါအ၀င်ဖြစ်သည်။

ထိုင်းဒေသခံ အစိုးရမဟုတ်သော အဖွဲ့အစည်းမှ ကူညီ၍ စခန်းအတွင်းတွင် အပင်များ စိုက်နေကြစဉ်။

စခန်းအတွင်းမှာ အလုပ်လက်မဲ့က ပိုရှိ၍ မိသားစု ၀င်ငွေရရှိဖို့အတွက် အထည်ယက်ခြင်းသည်လည်း ပြဿနာ ဖြေရှင်းနည်းတစ်ရပ်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းရာတွင် အမျိုးသမီးများအတွက် JRS မှ ကြီးမှူး၍ အပ်ချုပ်စက်အတတ်ပညာကို ပို့ချပေးနေစဉ်။

မိခင်နှင့် ကလေးကျန်းမာရေးအတွက် မျိုးပွားရေး ဆေးပေးခန်းအဆောင်မှ ကူညီပေးနေသည်။

အမှတ် (၁) စခန်းအတွင်း ၀င်လျှင်ဝင်ချင်း မြင်တွေ့နေရသည့် ဘော်လီဘောကွင်း။ (ဤပွဲတွင် ဆရာသာဝါးမှ ဦးဆောင်ပြီး ကစားနေ)

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons