Showing posts with label Karennirefugee. Show all posts
Showing posts with label Karennirefugee. Show all posts

Monday, November 21, 2011

ကရင်နီဒုက္ခသည် စခန်း ၂ ပုံရိပ်

ရပ်ကွက် ၁ နှစ်ခြင်းဘုရားကျောင်း (ဓါတ်ပုံ-ကေတီ)

ရပ်ကွက် ၂ အတွင်း ကျောင်းသို့ သွားသော တံတား (ဓါတ်ပုံ-ကေတီ)

ရပ်ကွက် ၂ ကက်သလစ်ဘုရားကျောင်း (ဓါတ်ပုံ-ကေတီ)

ဆေးပေးခန်း (ဓါတ်ပုံ-ကေတီ)

စခန်း ၂ အ၀င်ဝတွင် ထိုင်းအာဏာပိုင်မှ ဂိတ်တခု ချထားသည် (ဓါတ်ပုံ-ကေတီ)

ရိက္ခာသိုလှောင်သည့်နေရာ (ဓါတ်ပုံ-ကေတီ)

စခန်းအုပ်ချုပ်ရေးရုံး (ဓါတ်ပုံ-ကေတီ)

ရေကြီးသည့်အချိန်တွင် လှေဖြင့် ကြိုးကိုဆွဲပြီး ချောင်းဖြတ်ရသည် (ဓါတ်ပုံ-ကေတီ)

စာသင်နေသည့် ကျောင်းသူကျောင်းသားများ (ဓါတ်ပုံ-ကေတီ)

ရေကြီးပြီး ရိက္ခာဆန်များကို စခန်းအတွင်းထိ ကားဖြင့်သယ်ယူလို့ မရသည့်အတွက် စခန်းနှင့် ခြေလျင်ဖြင့် ၁ နာရီခရီးတွင် ယာယီတဲဆောက်လုပ်ထားပုံ (ဓါတ်ပုံ-ကေတီ)

Tuesday, June 21, 2011

အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များနေ့ကို ကရင်နီအမှတ် ၁ စခန်းတွင် ကြိုတင်ကျင်းပ

ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ကို ဇွန်လ ၁၅ ရက်နေ့တွင် ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း ကြိုတင်ကျင်းပပြုလုပ်ကြပါသည်။
အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ကျောင်းသူကျောင်းသားများ (ဓါတ်ပုံ-ကေတီ)

အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ကျောင်းသူကျောင်းသားများ (ဓါတ်ပုံ-ကေတီ)

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှအကြီးအကဲများ၊ NGOs မှကိုယ်စားလှယ်များနှင့် ဒုက္ခသည်ကော်မတီတို့မှ ကြီးမှူး၍ ကြိုတင်ကျင်းပသော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မကြာသေးခင်ရက်ပိုင်းအတွင်း ရေနှစ်ခဲ့သော ကလေးငယ်အား ကယ်တင်နိုင်ခဲ့ကြသော မော်မိုးမယ် ၁၃ နှစ် နှင့် မော်ပိုးမယ် ၁၄ နှစ်တို့ ညီအစ်မနှစ်ဦးအား လူငယ်စံပြဆု ချီးမြှင့်ခဲ့ကြပါသည်။ (ဓါတ်ပုံ-ကေတီ)

သေဆုံးသွားသည့်ကလေးတစ်ဦးကို ဒေသခံအာဏာပိုင်များ လာရောက်ကြည့်ရှု စစ်ဆေးနေစဉ် (ဓါတ်ပုံ-ကေတီ)

Monday, May 23, 2011

ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ အမှတ်တရ

ဤဓါတ်ပုံအားလုံးသည် ကေတီမှ ရိုက်ယူထားသည်။

စခန်းအ၀င် ဈေးတန်း

ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းများကို ကားဖြင့် လာဝယ်သော ထိုင်းဒေသခံများထံ ကရင်နီဒုက္ခသည်အမှတ် (၁) စခန်းအတွင်းက ကလေးငယ်များ ပျော်ရွှင်စွာ ဤသို့ လာရောင်းကြစဉ်။

စခန်းအ၀င်ဝကို စောင့်ပေးသော ဂိတ်တစ်ခု

စခန်းလုံခြုံရေးအတွက် တာဝန်ယူပေးသော လုံခြုံရေးဝန်ထမ်းများ

တီဘီဘီစီမှ လစဉ်ထုတ်ဝေပေးသော ရိက္ခာများကို လာထုတ်ယူနေကြသော ဒုက္ခသည်များ

စာကို စိတ်ဝင်တစား သင်ယူနေကြသော ဆယ်တန်းအခန်း

IRC မှ ကူညီထောက်ပံ့၍ လက်လုပ်ပညာဖြစ်သည့် မီးဖိုပြုလုပ်ရေးလုပ်ငန်းကို EH အဖွဲ့မှ သင်ယူနေစဉ်။

စခန်းအတွင်းမှာလည်း အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ပေး၍ ဆိုင်ကယ်ပြင်တာလည်း တစ်ခုအပါအ၀င်ဖြစ်သည်။

ထိုင်းဒေသခံ အစိုးရမဟုတ်သော အဖွဲ့အစည်းမှ ကူညီ၍ စခန်းအတွင်းတွင် အပင်များ စိုက်နေကြစဉ်။

စခန်းအတွင်းမှာ အလုပ်လက်မဲ့က ပိုရှိ၍ မိသားစု ၀င်ငွေရရှိဖို့အတွက် အထည်ယက်ခြင်းသည်လည်း ပြဿနာ ဖြေရှင်းနည်းတစ်ရပ်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းရာတွင် အမျိုးသမီးများအတွက် JRS မှ ကြီးမှူး၍ အပ်ချုပ်စက်အတတ်ပညာကို ပို့ချပေးနေစဉ်။

မိခင်နှင့် ကလေးကျန်းမာရေးအတွက် မျိုးပွားရေး ဆေးပေးခန်းအဆောင်မှ ကူညီပေးနေသည်။

အမှတ် (၁) စခန်းအတွင်း ၀င်လျှင်ဝင်ချင်း မြင်တွေ့နေရသည့် ဘော်လီဘောကွင်း။ (ဤပွဲတွင် ဆရာသာဝါးမှ ဦးဆောင်ပြီး ကစားနေ)

Wednesday, May 18, 2011

ကရင်နီတို့ရဲ့ အားကစား

ကရင်နီ နဘန်းပွဲကို စပါး ပုတ် ပြီးပြီးချင်း ကောက်ရိုးပုံပေါ်တွင် ကျင်းပလေ့ရှိသည်။ သို့ပေမယ့် တောင်ယာခုတ်ပိုင်ခွင့် မရှိသည့် ဒုက္ခသည်စခန်းအတွင်းမှာတော့ မြေကြီးပေါ်တွင်သာ ယခုလို ကျင်းပကြသည်။ (ဓါတ်ပုံ - ကေတီ)

Friday, February 18, 2011

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons