Wednesday, May 28, 2014

အယ်ဒီတာ့ထံပေးစာ

စစ်တပ်စွန့်လွတ်မြေများယခင်မူလလက်ငုတ်တောင်သူများထံ ပြန်မရောက်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာရှိမဟာဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၇၁ မှ ၇၈)အထိ အောက်ဘေးဝဲယာ တစ်လျှောက်တွင် ရွာတည်ချိန်မှစ၍ ယာမြေဧက (၄၀) သည် ရွာတည်ချိန်မှ ၁၉၉၂ ခုနှစ် စစ်တပ်မသိမ်းမှီအထိမိမိတို့တောင်သူများသည် ယာမြေအဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့ပါသည်။

အသက် ၄၈ နှစ်အရွယ်အမျိုးသားတဦး ကျားသစ်အကိုက်ခံရ၍ လွိုင်ကော်ဆေးရုံတွင် ကုသမှုခံယူနေရ


ဖြိုးဝေအောင်



လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု ဒေါဆော်ဘီးကျေးရွာနေ အသက် ၄၈နှစ်ရှိ ဦးထွန်းတင်ဆိုသူသည် ရွာနှင့် မိုင် ၂၀ ဝေးသော ပန်လောင်းကျေးရွာ အရှေ့ဘက်တွင်ရှိ တောင်ယာထဲတွင် ကျားသစ်တကောင် ကိုက်ခံရ၍ လွိုင်ကော်ဆေးရုံးတွင် ကုသမှုခံနေရသည်ဟု သိရသည်။

အခမဲ့ ကုသမှုခံယူပြီးသော မျက်စိဝေဒနာရှင်များ နောက်ဆက်သွယ် ကုသနိုင်ရန် အာမခံချက်များ ရရှိထား


ဖြိုးဝေအောင်

လွိုင်ကော်မြို့၊ ချိကယ် ကန္ဒရ၀တီကျောင်း သီတဂူတက်လမ်း စက္ခုဒါနဆေးရုံတွင် အခမဲ့ ဆေးဝါး ကုသမှုခံယူပြီးသော မျက်စိဝေဒနာရှင်များအတွက် ကုသမှုထပ်မံလိုအပ်ပါက ဆရာဝန်ကြီးများထံ ပြသနိုင်ရန် အာမခံချက်များ လုပ်ပေးထားသည်ဟု သိရသည်။

Thursday, August 2, 2012

ရှားတောမြို့တွင် ကရင်နီစာပေ စတင်ပို့ချ

ရေးသားသူ - ကန္တာရဝတီတိုင်း(မ်)


ကရင်နီပြည်တွင်း၌ သင်ကြားပို့ချခွင့်မရသော ကရင်နီစာပေကို ရှားတောမြို့နယ်အတွင်း ပစ်ခတ်ရပ်စဲရေးကာလအတွင်း တွင်စတင်ပို့ချလျက်ရှိနေပြီလို့ သိရပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့ ကရင်နီစာပေ စတင်သင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်။

ကရင်နီစာ သင်ကြားပို့ချပေးနေတဲ့ ကရင်နီစာပေ အတွင်းရေးမှူး - ၁ ခူထွားရယ်က အခြေခံတတ်မြောက်မှုအဆင့်ကို ပထမဦးစွာသင်ကြားပို့ချပေးမှာ ဖြစ်တယ်လို့ပြောပါတယ်။

“ကျနော်တို့ ကရင်နီပြည်မှာရှိတဲ့ ကျနော်တို့ တိုင်းရင်းသားလူမျိုးအားလုံးတွေ ကိုယ့်ကရင်နီစာပေ တတ်ခိုင်းချင်လို့ အဲဒီရည်ရွယ်ချက်နဲ့ သင်ပေးတယ်” လို့ ခူထွားရယ်က ပြောပါတယ်။

ဆရာကြီးထဲဘူးဖဲရဲ့ ကရင်နီစာပေကို ထိုင်း - မြန်မာနယ်စပ်နဲ့ ကရင်နီဒုက္ခသည်စခန်းတွေမှာသာ ဒီစာပေကို သင်ကြားနိုင်ကြလို့ ပြည်ပနဲ့  ဒုက္ခသည်စခန်းရှိ ကရင်နီလူမျိုးတွေသာ အများဆုံးတတ်မြောက်ကြတာ ဖြစ်ပါတယ်။

ဆရာကြီးခူထဲဘူးဖဲ တီထွင်ထားသော ကရင်နီစာ
ရှားတောမြို့နယ်က ကရင်နီစာပေလာရောက် သင်ကြားသူ အသက် ၂၀နှစ်အရွယ် အမျိုးသမီး တဦးက “အခု အက္ခရာ က.ခ.ဂ.င တွေ ဖတ်တတ်ပြီ။ စာက အရမ်းခက်တယ်။ ဆရာကတော့ ပြောပါတယ် ဒီစာသင်ပေးပြီး နောက်တဆင့် ထပ်သင်ပေးမယ်။ ပြီးရင် လူကိုပြန်ရွေးထုတ်ပြီး ကျေးရွာထဲမှာ အခြေခံနည်းပြ ပြန်လုပ်ခိုင်းမယ်လို့ပြောတယ်” လို့ ပြောပါတယ်။

စာသင်ချိန်ကို ညနေ ၅ နာရီမှ ည ၇ နာရီအထိသင်ကြားပြီး စနေနဲ့ တနင်္ဂနွေနေ့မှာတော့ နေ့လည် ၁ နာရီမှ ညနေပိုင်း ၃ နာရီအထိ သင်ကြားပို့ချပါတယ်။ ပထမဦးဆုံး ဖွင့်လှစ်တဲ့ ကရင်နီစာပေ သင်ကြားပို့ချရာမှာ ရှားတောမြို့မှ ကျောင်းသူ၊ ရွာသားများ၊ ရွာသူ၊ ရွာသားများ စုစုပေါင်း လူဦးရေ ၆၂ ဦး တက်ရောက်ကြတယ်လို့ ခူထွားရယ်က ပြောပါတယ်။

ရှားတောမြို့မှာ ပို့ချတဲ့ ကရင်နီစာပေကို ပြီးခဲ့တဲ့ ဇူလှိုင်လ ၂၄ ရက်နေ့မှာ စတင်ပြီး တစ်လတိတိ သင်ကြားပို့ချပြီးပါက လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့ကိုလည်း ထပ်မံပို့ချသွားမှာ ဖြစ်ပါတယ်။

အခုလက်ရှိပြည်တွင်းမှာ ကရင်နီစာပေ ၃ မျိုးရှိတဲ့ ဗမာဗျည်းအက္ခရာနဲ့ ရောမအက္ခရာကို အများဆုံးအသုံးပြုနေကြတာဖြစ်ပါတယ်။ မြန်မာအစိုးရကနေပြီး ဆရာကြီးထဲဘူးဖဲတီထွင်ထားတဲ့စာကို သင်ကြားခွင့် ပိတ်ပင်ခဲ့ပြီး ဗမာဗျည်းအက္ခရာတခုတည်းကိုသာ ပြည်တွင်း၌ လေ့လာသင်ယူဖို့ ခွင့်ပြုထားတာဖြစ်ပါတယ်။

တပ်သိမ်းမြေယာ ပြန်ရဖို့ ပတ်စဉ်ဆုတောင်းပွဲ ပြုလုပ်

ရေးသားသူ - ကူးဒူ

ကရင်နီပြည်နယ်တွင်း တပ်သိမ်းမြေယာပြန်ရဖို့ လူထုငါးရာကျော်မှ မာဖရိုရှေ့ကျေးရွာရှိ ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ကြပါတယ်။

ယခုလိုအမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းတည်ဆောက်ဖို့ တပ်သိမ်းမြေယာတွေ ပြန်လည်ရရှိနိုင်ရေးအတွက်ကို ပြည်နယ်အစိုးရ ၊ လွှတ်တော်အမတ်နှင့် သမ္မတထံ တင်ပြတောင်းဆိုထားသော်လည်း ယခုချိန်ထိ တုန့်ပြန်မှုမရှိသေးဘူးလို့ လောဂျာမှ ကက်သလစ် သာသနာ ဆရာ ခူသဲရယ်က ပြောပါတယ်။


တပ်သိမ်းမြေယာပြန်ရဖို့အတွက်ကို မာဖရိုရှေ့ကျေးရွာ ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ဝတ်ပြုဆုတောင်းနေကြစဉ် (ဓါတ်ပုံ-ကေတီ)


“ကျနောတို့ စာတင်တာလဲ မထူးခြားလာဘူး အထက်က သမ္မတတွေ ဝန်းကြီးတွေလဲ ကျနော်တို့ရဲ့ ပြည်သူလူထူတွေရဲ့ တောင်းဆိုမူတွေကိုလဲ ဘာမှဂရုမစိုက်ဘူး ဆိုတော့ ကျနော်တို့ ဘာဆက်လုပ်မလဲ ဆိုတဲ့ ဆွေးနွေးမူကို အစည်းဝေးထိုင်ပြီးတော့မှ စုပေါင်းဆုတောင်းပွဲ ကိုလုပ်မယ် စုပေါင်း ဆုတောင်းပွဲကို လုပ်တယ်ဆိုတာကလဲ ကျနော်တို့ ဘုရားကိုအားကိုးတယ်”

ယမန်နေ့ တနေင်္ဂနွေနေ့ မနက်မှာ မာဖရိုရှေ့ကျေးရွာ အုပ်စုများရှိ ဒေသခံလူထုများတွေနဲ့ ဆုတောင်းပွဲအပြီးမှာ ပြောသွားတာဖြစ်ပါတယ်။ ပတ်စဉ်ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေကြတာ ယခုကြိမ်ဆိုလျှင် ငါးကြိမ်မြောက်ရှိပြီး ဖြစ်ပါတယ်။

တောင်ယာဧက ၁၆ ဧကပါသိမ်းခံရတဲ့ လောဂျာ ကျေးရွာမှ ခူဦးရယ်က ယခုလိုပြောပါတယ်။

“ကျနော်တို့ ဒီမြေကွက်တွေက ဆန် စပါးတွေရလာတယ်ဆိုတာက ဒီမြေကွက်တွေနဲပဲလေး။ အခုလို သူတို့ လာလုပ်သွားတာက ကျနော်တို့ ဒေသခံလူထုတွေကို လာပြီးသတ်တာနဲ့ အတူတူပဲလေး ကျနော်တို့ ငတ်ပြတ်ပြီး သေသွားအောင် လာလုပ်နေတာနဲ့ တူတူပဲပေါ့”

ယမန်နေ့ မာဖရိုရှေ့ရွာမှ ကက်သလစ်ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲအပြီးမှာ ပြောသွားတာဖြစ်ပါတယ်။

အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ခေါင်းဆောင်တွေကလည်း လူထုအတွက်အကျိုးရှိစေမည့် အဆောက်အဦး တခုတခုအဖြစ်သော်လည်းကောင်း ပြန်လည်ရရှိနိုင်ဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးတဲ့အခါ မတ်လ ၇ ရက်နေ့ ပဏာမတွေ့ဆုံဆွေးနွေးချိန်မှာ တကြိမ် ၊ ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးစဉ်မှာ တကြိမ် ဆွေးနွေးခဲ့ကြပေမဲ့လည်း  ဆုံးဖြတ်ချက်မချ နိုင်ကြသေးပါဘူး။

Thursday, July 19, 2012

ငြိမ်းချမ်းရေးကာလ လူထုပါဝင်လာဖို့ ပြည်ထဲရေးနဲ့ ကာကွယ်ရေး စွမ်းရည်မြင့်တင်

ရေးသားသူ - ကူးဒူ၊ ဂျွန်မိုးနိုင်

ကရင်နီပြည်နယ် ငြိမ်းချမ်းရေးအတွက် လူထုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ ခေါင်းဆောင်းမှုနဲ့ စီမံခန့်ခွဲနိုင်ဖို့ ပြည်ထဲရေးဌာနမှ ဝန်ထမ်းတွေနဲ့ ကာကွယ်ရေးဌာနမှ ဝန်ထမ်းတွေက ကရင်နီပြည်တပ်မတော်ရဲ့ ညာမိုတပ်စခန်းမှာ စွမ်းရည်မြင့်တင်ရေးသင်တန်း တက်ရောက်ခဲ့ကြပါတယ်။

အဓိက ကတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ကာလမှာ ဝန်ထမ်းတွေက စစ်မှန်တဲ့ငြိမ်းချမ်းရေး ဟုတ်မဟုတ်ဆိုတာ သုံးသပ်နိုင်ဖို့နဲ့ တရားမျှတတဲ့ အပစ်ခတ်ရပ်စဲရေး မဟုတ်ဘူးဆိုရင် လည်း လူထုကိုသဘောပေါက်အောင် ရှင်းပြဖို့လိုတယ်လို့ ပြည်ထဲရေးဝန်ကြီး ခူထဲဘူးက ပြောပါတယ်။

ခေါင်းဆောင်းမှုနဲ့ စီမံခန့်ခွဲရေး သင်တန်းသားများနှင့် ခေါင်းဆောင်များအား တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ခူထဲဘူးက “ပစ်ခတ်ရပ်စဲရေး စပ်ကူးမတ်ကူးကာလမှာ ကျနော်တို့က လူထုနဲ့ အများဆုံးထိတွေ့ မှုက ခါတိုင်းနဲ့စာရင် လူထုနဲ့ ပိုပြီးထိတွေ့ရမယ့် အခြေအနေရှိတယ်။ အဲဒီအချိန်မှာ ကျနော်တို့ဘက်မှာက လူထုနဲ့ ထိတွေ့တဲ့အချိန်မှာ စည်းရုံးရေးလုပ်ငန်းတွေ နောက်ပြီးလူထုကို သဘောပေါက်အောင် လူထုရဲ့ ပါဝင်မှု ပါရှိလာအောင် အဲဒါက လုပ်တတ်ဖို့ လုပ်ကိုင်တတ်ဖို့က အရေးကြီးတယ်” လို့ပြောပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ ယမန်နေ့က ညာမိုတပ်စခန်းမှာ သင်တန်းဆင်းပွဲကျင်းပအပြီးမှာ ယခုလို ပြောပြခဲ့ခြင်း ဖြစ်ပါတယ်။

ယခုလက်ရှိ ပစ်ခတ်ရပ်စဲရေးလုပ်ထားတာ ၃ လရှိနေပြီဖြစ်ပေမဲ့လို့ တင်ပြတောင်းဆိုထားတဲ့ အချက်တွေက တချက်မှ တိတိကျကျ မရသေးဘူးဆိုတာကို ဒုစစ်ဦးစီးချူပ် ဗိုလ်ချူပ်အောင်မြတ်က သင်တန်းသားတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒုစစ်ဦးစီးချူပ် ဗိုလ်ချူပ်အောင်မြတ်က “ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေအားလုံး သိထားရမှာက အချက် ၂၀ ထဲမှာ ငါတို့ကို ဘယ်နှစ်ချက်ပေးထားပြီလဲ တချက်မှ မပေးသေးဘူး။ နှောင်အနာဂတ်မှာ သူတို့က အချိန်ဆွဲပြီး လိန်ဖယ်လိန်ဖယ်လုပ်သွားမယ်။ ပစ်ခတ်ရပ်စဲရေး မလုပ်ခင်ကထက်တောင်မှ အခုချိန်မှာ ပိုပြီးတော့သတိဝီရိယနဲ့ နေရမယ်” လို့ ပြောပါတယ်။

ခေါင်းဆောင်းမှုနဲ့ စီမံခန့်ခွဲရေးသင်တန်းသားများ သင်တန်းဆင်းပွဲ၌ စစ်ရေးပြနေကြစဉ် (ဓါတ်ပုံ-ကေတီ)
သင်တန်းရဲ့ အတွေ့အကြုံအရ နှောင်လာမည့် ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာ အများကြီး အထောက်အကူပြုသွားနိုင်တယ်လို့ ယုံကြည်ထားတဲ့ အမှတ် ၁ ခရိုင်မှ ဟဲရယ်ကတော့ “ခပ်များများဒီ ပြည်တွင်းမှာဝင်သွားတဲ့ ပြည်ထဲရေးက ဌာနဆိုင်ရာတွေပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကာကွယ်ရေးကဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေပဲ ဖြစ်ဖြစ်၊ ခပ်များများ ဒီအစိုးရလုပ်ငန်းလို့ ပြောမလားကျနော်တို့ ဒီတော်လှန်ရေးကာလမှာ ကျနော်တို့ တကယ့်လုပ်ငန်း ထိထိရောက်ရောက် လုပ်နိုင်ဖို့ဆိုရင် အခုအခြေအနေရ ကျနော်တိုပြန်ကြည့်မယ်ဆိုရင် အရမ်းလိုအပ်နေသေးတယ်လို့ ပြောရမယ်ပေါ့” လို့ ပြောပါတယ်။

သင်တန်းကာကမှာ တလခွဲဖြစ်ပြီး သင်တန်းသား ဦးရေ စုစုပေါင်း ၆၈ ဦးတက်ရောက် ခဲ့ကြပါတယ်။ ပြည်ထဲရေးကနေ ဒီလိုစွမ်းရည်မြင့်တင်ရေးသင်တန်းကို ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းပြီး သင်တန်းပြုလုပ်တာ ဆယ်နှစ်တာကာလမှာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons