ဆန်းဖြိုးထွန်း
ကယန်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေးနေ့ နှစ် (၅၀) ပြည့်ရွှေရတု အထိမ်းအမှတ်ပွဲ ကို လာမည့် ဇွန်လ ၄ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူး ကျေးရွာရှိ ကယန်းပြည်သစ် ဌာနချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နှစ်ပေါင်း ၅၀ အတွင်း စစ်အစိုးရအုပ်ချုပ်မှုကို တော်လှန်ခဲ့သော ကယန်းအမျိုးသား လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ကယန်းပြည်သူများအား အခမ်းအနားဖြင့် ဂုဏ်ပြုလိုသည့်ရည်ရွယ်ချက်ဖြစ် ကြောင်း ကယန်းပြည်သစ်ပါတီ ဒုဥက္ကဌ ဗိုလ်မှူးစောလွင်ကပြောသည်။
၎င်းက ̏ စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်မှုကြောင့် သူတို့ဖာသာသူတို့ ကယန်းပြည်သူလူထုက တော်လှန်ရေး တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်။ ကယန်းပြည်သူလူထုရဲ့ အဲဒီကောင်းမွန်တဲ့ အစဉ်လာတွေကို ကျွန်တော်တိုက ဂုဏ်ပြုချင် တဲ့အတွက် ဒီအခမ်းနားကို လုပ်မှာပါ ״ဟုဆိုသည်။
ကယန်း ပြည်သစ်ပါတီ အနေဖြင့် နှစ်ပေါင်း (၃၀) ခန့် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ပြီးသော်လည်း မျက်မှောက်ကာလအထိတိုင် ၂၀၀၈ခုနှစ် နိုင်ငံတော် အခြေခံဥပဒေ တည်ရှိနေသ၍ စစ်အာဏာရှင်စနစ်က တည်ရှိနေဆဲဖြစ်ကြောင်းနှင့် ကယန်းအလူမျိုးများအနေဖြင့် စစ်အာဏာရှင်စနစ်ကို အသုံးသတ်နိုင်အောင် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစဦးမှ အဆုံးထိ တတ်တတ်ကြွကြွပါဝင် ကြိုးပမ်းကြရန် လိုအပ်နေသေးကြောင်း ၎င်းကဆက်ပြောသည်။
ကယန်းအမျိုးသားနေ့ နှစ် (၅၀) ပြည့် ရွှေရတုပွဲတွင် ဇွန်လ ၂ ရက်နေ့တွင် စတင်ကာ ရိုးရာအဆိုအကများ ၊အဆိုတော် ဂီတဖျော်ဖြေပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့တွင် ကယန်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနား ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကယန်းပြည်သစ်ပါတီသည် ကယန်းလူမျိုးများက စစ်အာဏာရှင်စနစ်ကို စတင်တော်လှန်ခဲ့သည့် ၁၉၆၀ ခုနှစ် ဇန်လ ၄ ရက်နေ့ကို အစွဲပြုပြီး ကယန်းအမျိုးသားတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။
ကယန်းပြည်သစ်ပါတီသည် စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်း ၃၀ ခန့် တော်လှန်ခဲ့ပြီး ၁၉၉၄ ခုနှစ် မှစ၍ အပစ်ခတ်ရပ်စဲရေးယူခဲ့သည်။
Wednesday, May 28, 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment