လွိုင်ကော်မြို့တွင်ဖွင့်လှစ်ထားသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP
ဆက်ဆံရေးရုံးအား မေလ ၃၁ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးရန်
ကယားပြည်နယ်အစိုးရမှ ဒုတိယအကြိမ် စာ ရောက်ရှိလာသည့်အတွက်
ရွှေ့ပြောင်းပေးရခြင်းဖြစ်သည်ဟု ပြောခွင့်ရရှိသူက ဆိုသည်။
Sunday, June 1, 2014
မြန်မာ့ရုပ်မြင်သံကြားလိုင်းများ ဖမ်းယူကြည့်ရှု့သည့် အောက်စက်များ လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့သို့ အခမဲ့ဖြန့်ဝေပေး
ရှားမြာ
MRTVရုပ်မြင်သံကြားလိုင်းများ ဖမ်းယူကြည့်ရှုနိုင်စွမ်းရှိသည့် အောက်စက်အလုံးရေ နှစ်ထောင်ခန့်ကို ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်အတွင်း လုံးရေ နှစ်ထောင်ခန့်ကို ပြန်ကြားရေးနှင့် ဆက်ဆံရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန်ဝေပေးလျက်ရှိကြောင်း ဒီးမော့ဆိုမြို့ရှိ ပြန်ကြားရေးနှင့် ဆက်ဆံရေး ၀န်ကြီးဌာန ဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။

Thursday, May 29, 2014
ဟွေပူကဲ ကျေးရွာ
စားသုံးဆီ အမှတ်တံဆိပ်များ အလွဲသုံးစားမှုရှိနေ
ဖြိုးဝေအောင်
ကယား(ကရင်နီ)လွိုင်ကော်မြို့ သီရိမင်္ဂလာ ( တောင်ဈေး ) တွင် စားသုံးဆီများ ရောင်းချသည့် ဈေးကွက်ထဲ၌ စားဆီထုတ်လုပ်သည့် ကုမ္မဏီအမှတ်တံဆိပ်များ အလွဲသုံးစားပြုလုပ်ထားကြသည်ကို တွေ့နေရသည်ဟု လွိုင်ကော်မြို့မှ ၎င်းစားဆီကို ဝယ်ယူသုံးစွဲမိသူ ဒေသခံ အမျိုးသား လူငယ်တဦးက ပြောသည်။

Wednesday, May 28, 2014
စည်းစနစ်ကျသော အမှိုက်သိမ်းစနစ် ဒီးမောဆိုမြို့တွင်း ပြုလုပ်ရန်ရှိ
ဝေေ၀အောင်
အမှိုက်ကားများဖြင့် စနစ်တကျ လိုက်လံပြီး အမှိုက်စုသိမ်းမည့် စနစ်ကို မကြာမီ ဒီမောဆိုမြို့အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးကျော်စိုး က ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှာ ကန္တာရ၀တီတိုင်း(မ်) သို့ဆိုသည်။

ဆိုလျားကူးရွာသားများမှ ထွန်တုံးတိုက်ပွဲကို ပြန်လည် ဆင်နွှဲကြ
နေထူး
ဖရူဆိုမြို့နယ်အတွင်း ယာမြေသိမ်းခံရသော ဆိုလျားကူးရွာမှ တောင်သူများ က ၎င်းတို့၏ ရွေ့ဆိုင်းခံရသော ထွန်တုံးတိုက်ပွဲ ဆင်နွဲရေးအစီစဉ်ကို ယမန်နေ့ (၂၇ ရက် မေလ) နံနက် မှာ ပြန်လည် ပြုလုပ်သွားခဲ့ကြသည်။

ဇွန်လ ၄ ရက်နေ့တွင် ကယန်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေးနေ့ရွှေရတုပွဲကျင်းပမည်
ဆန်းဖြိုးထွန်း
ကယန်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေးနေ့ နှစ် (၅၀) ပြည့်ရွှေရတု အထိမ်းအမှတ်ပွဲ ကို လာမည့် ဇွန်လ ၄ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူး ကျေးရွာရှိ ကယန်းပြည်သစ် ဌာနချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Subscribe to:
Posts (Atom)